Comprehensive Product Information

အလုံးစုံမော်တော်ယာဉ်အာမခံ

လူကြီးမင်းတို့ပိုင်ဆိုင်သော မော်တော်ယာဉ်များမတော်တဆထိခိုက်မှုပေါ်ပေါက်ပါက ပျက်စီးဆုံးရှုံးမှုများကိုကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ - ယာဉ်ပိုင်ရှင် (သို့) ယာဉ်ကိုတာဝန်ယူကြီးကြပ်သူ
အာမခံထားနိုင်သည် မော်တော်ယာဉ်အမျိုးအစား - ကညနမှ တရားဝင် ခွင့်ပြုထားသော ယာဉ်များနှင့် ဝန်ချီစက်၊ မြေတူးစက်၊ 
မြေတူးစက်၊ မြေသယ်စက် အစရှိသည့် Mobile Plant များ
 
အာမခံတန်ဘိုး -အာမခံထားမည့်ယာဉ်၏ကာလပေါက်ဈေး(Market Value)ဖြင့်လက်ခံပါသည်။
  (မော်တော်ယာဉ်အပိုပစ္စည်းများအတွက်လည်း အာမခံထားနိုင်ပါသည်။)
မြေတူးစက်၊ မြေသယ်စက် အစရှိသည့် Mobile Plant များ - အနည်းဆုံး (၃) လ မှ အများဆုံး (၁) နှစ်
ပရီမီယံနှုန်း - အာမခံထားမည့်ယာဉ်တန်းဖိုး၊ အသုံးပြုပုံ၊ အင်ဂျင်ပါဝါပေါ်မူတည်၍ ကောက်ခံပါသည်။
   

 

အလုံးစုံမော်တော်ယာဉ်အာမခံထားခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

ယာဉ်တိုက်မိခြင်း၊ ယာဉ်တိမ်းမှောက်ခြင်း၊ မီးလောင်ပျက်စီးခြင်း၊ ပြင်ပမီးကူးစက်လောင်ခြင်း၊ ယာဉ်အလိုအလျောက်မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ယာဉ်အားမလိုတမာဖျက်ဆီးခံရခြင်း၊ ယာဉ်ပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း၊ သပိတ်မှောက် အဓိကရုဏ်း ဆူပူထကြွခြင်းကြောင့် မိမိယာဉ်ပျက်စီးခြင်းများကို အကာကွယ်ပေးပါသည်။ ထို့အပြင် ယာဉ်တိုက်မှုကြောင့် သူတစ်ပါးယာဉ်ထိခိုက်ပျက်စီးမှု၊ လူသေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ အတွက်ပါ အကာအကွယ်များရရှိနိုင်ပါသည်။

အပိုအကာအကွယ်များ

အလုံးစုံမော်တော်ယာဉ်အာမခံနှင့်အတူ အောက်ဖော်ပြပါ အပိုအကာအကွယ်များကိုလည်း ဝယ်ယူနိုင်ပါသည်။

စဉ် အပိုအကာအကွယ်များ ပရီမီယံနှုန်း
စစ်ဘေးအန္တရာယ် အာမခံတန်ဘိုး၏၀.၀၅%
သဘာဝဘေးအန္တရာယ် အာမခံတန်ဘိုး၏၀.၀၅%
ကားအခိုးခံရမှု အခြေခံပရီမီယံ၏ ၁၅%
လေကာမှန် လေကာမှန်တန်ဘိုး၏ ၅%
     

 

အုပ်စုလိုက်လျော့နှုန်း (Free Discount) - အာမခံထားသူတစ်ဦးတည်းမှ တစ်ချိန်တည်းတွင်ယာဉ်(၁၀)စီး (သို့မဟုတ်) ယာဉ်(၁၀)စီးနှင် အထက်အာမခံထားပါက
  အခြေခံပရီမီယံပေါ်တွင် Fleet Discount အဖြစ် 10%  လျော့ပေးမည် ဖြစ်ပါသည်။
လျော်ကြေးမဲ့ဆု (No Claim Bonus) - အာမခံထားသည့် သက်တမ်းတစ်နှစ်အတွင်း လျော်ကြေး တောင်းခံခြင်းမရှိပါက သက်တမ်းတိုးသည့် 
  အခါ ကားအာမခံ အခြေခံ ပရီမီယံပေါ်မှ အောက်ပါအတိုင်းလျော်ကြေးမဲ့ဆုအဖြစ် လျော့နှုန်းရရှိမည် ဖြစ်ပါသည်။
   

 

စဉ် အာမခံသက်တမ်း ကိုယ်ပိုင်ယာဉ် အငှားယာဉ် / မော်တော်ဆိုင်ကယ်
ပထမနှစ် - -
ဒုတိယနှစ် ၂၅% ၁၅%
တတိယနှစ် ၃၀% ၂၀%
စတုတ္ထနှစ် ၄၀% ၂၅%

 

အာမခံထားသည့်ယာဉ်အားရောင်းချခဲ့ပါက ထိုယာဉ်နေရာတွင်မိမိပိုင်အခြားယာဉ်ကိုအစားထိုးနိုင်ပါသည်။

မော်တော်ယာဉ်အာမခံလိုအပ်ချက်များ - Owner Book မိတ္တူ (သက်တမ်းအတွင်းဖြစ်ရမည်)
  - Owner Book မရရှိသေးပါက ကားနံပါတ်တံဆိပ်နှိပ်ထားသော သွင်းကုန်လိုင်စင်မိတ္တူ
   - Wheel Tax မိတ္တူ

 

လျော်ကြေးပေးချေမှု

မော်တော်ယာဉ်ပြုပြင်၍​ မရနိုင်လောက်အောင် လုံးဝပျက်စီးခြင်း (Total Loss) အတွက်ယာဉ်တန်ဘိုး (အာမခံတန်ဘိုးထက်ကျော်လွန်ခြင်းမရှိစေရ) ကိုပေးလျော်ပြီး တစ်စိတ်တစ်ဒေသပျက်စီးခြင်း (Partial Loss) အတွက် ပျက်စီးသည့်အစိတ်အပိုင်းအလိုက် ပြုပြင်လဲလှယ်တပ်ဆင်ပေးလျော်မည်ဖြစ်သည်။

 

အာမခံထားရှိလိုပါက

အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။