Fire Product Information

မီးအာမခံ

လူကြီးမင်းတို့ပိုင်ဆိုင်သောအိုးအိမ်နှင့် ပစ္စည်းများမတော်တဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ အတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံသက်တမ်း - (၁၀) ရက် မှ (၁) နှစ်
ပရီမီယံနှုန်း - အဆောက်အအုံအမျိုးအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင် အခြေအနေပေါ်တွင်မူတည်၍ သတ်မှတ်ပါသည်။
   

မီးအာမခံထားခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများ

- မတော်တဆလောင်ကျွမ်းသောမီးနှင့် အခြားမှကူးစက်လောင်ကျွမ်းသောမီး
- မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး
- အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီး
- မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးဆုံးရှုံးခြင်း
- မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝန်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း 
- မီးလောင်မှုကြောင့် အမိုး/ကြမ်းခင်း/နံရံများ ပြိုကျရာမှ ပျက်စီးဆုံးရှုံးခြင်း
- မီးလောင်နေစဉ် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတု ကြောင့်ဖြစ်စေပျက်စီးဆုံးရှုံးခြင်း များကို ကာကွယ်ရနိုင်ပါသည်။
 

အပိုအကာအကွယ်များ

 မီးအာမခံနှင့် အတူ အောက်ဖော်ပြပါ အပိုအကာအကွယ်များကိုလည်း ထပ်မံဝယ်ယူနိုင်ပါသည်။

စဉ် အပိုအကာအကွယ်များ ပရီမီယံနှုန်း
အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်စီးမှု ၀.၀၆%
လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း ၀.၁၀%
ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း ၀.၁၀%
မြေကျွံခြင်း၊ မြေပြိုခြင်း ၀.၁၀%
မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း ၀.၁၀%
ပေါက်ကွဲပျက်စီးမှု ၀.၁၀%
အလိုအလျောက်မီးစွဲလောင်မှု ၀.၀၈%
လေပြင်းမုန်တိုင်းအမျိုးမျိုး ၀.၂၀% ~ ၀.၂၅%
ရေကြီးခြင်း၊ ရေလျှံခြင်း ၀.၁၀%
၁၀ ဖောက်ထွင်းခိုးယူမှု ၀.၂၅% ~ ၁%
၁၁ စစ်ဘေးအန္တရာယ် ၀.၁၀%
  In the event of lost or damage, contact F.N.I immediately  

လျော်ကြေးမဲ့ဆု

            အာမခံသက်တမ်းတစ်နှစ်အတွင်း လျော်ကြေးမပေါ်ပေါက်ခဲ့လျှင် သက်တမ်းတိုးသည့်နှစ်အတွက် လျော်ကြေးမဲ့ဆု အဖြစ် မီးအာမခံပရီမီယံ၏ (၂၅%­) ကို လျှော့ပေးမည်ဖြစ်ပါသည်။

မီးအာမခံထားရန်လိုအပ်ချက်များ

            - လူနေအိမ်အတွက် အငှားဖြစ်ပါက အငှားစာချုပ် မိတ္တူ

           - စက်ရုံ၊ သိုလှောင်ရုံအတွက် ငှားရမ်းအဆောက်အအုံ ဖြစ်ပါက အငှားစာချုပ်မိတ္တူ၊ မီးဘေးကာကွယ်ရေးစီမံချက်

            - ကုန်ပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂများအတွက် ပစ္စည်းစာရင်းနှင့် အဝယ်ပြေစာများ

 

လျော်ကြေးပေးချေမှု

          မီးအာမခံလျော်ကြေးကို လုံးဝပျက်စီးဆုံးရှုံးမှု (Total Loss) အတွက် အာမခံထားငွေကို ပေးလျော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသသာ ပျက်စီးပါက ပျက်စီးသည့်အစိတ်အပိုင်းအပေါ်တွင်သာ ပေးလျော်ပါမည်။

 

အာမခံထားရှိလိုပါက

            အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။