Product Information

ပြည်သူပြည်သားအသက်အာမခံ

လူကြီးမင်းတို့၏ ဘဝနောင်ရေးစိတ်အေးချမ်းသာစေရန် ငွေကြေးအားဖြင့် အထောက်အပံ့ပေးမည့် အသက်အာမခံ အမျိုးအစားဖြစ်သည်။

အာမခံထားနိုင်သည့်သူ - အသက်(၁၀)နှစ် မှ (၅၅)နှစ် အတွင်းရှိသူများ
အာမခံထားငွေ - အနည်းဆုံး ကျပ်(၅၀,၀၀၀) မှ ကျပ် သိန်း(၃၀၀)
အာမခံသက်တမ်း - အနည်းဆုံး(၅)နှစ်
ပရီမီယံနှုန်း - အာမခံထားသူ၏ အသက်၊ အာမခံထားငွေ၊ အာမခံသက်တမ်း စသည့်တို့ပေါ်တွင်မူတည်၍
  တွက်ချက်ပေးဆောင်ရပါမည်။
  - ပရီမီယံကို ၃လ၊ ၆လ၊ ၁နှစ် စသည်ဖြင့် အရစ်ကျပေးသွင်းနိုင်ပါသည်။
  - ပြည်သူပြည်သားအသက်အာမခံထားသူတိုင်း ဆေးစစ်ရပါမည်။
   

အကျိုးခံစားခွင့်များမှာ

  -   အာမခံသက်တမ်းအတွင်း ထာဝစဉ်မသန်စွမ်းမှုကြောင့် ဝင်ငွေရရှိသော အလုပ်အကိုင် လုံးဝမလုပ်ကိုင်နိုင်
  တော့ခြင်းနှင့် သေဆုံးခြင်းများအတွက် အာမခံထားငွေကို ပြန်ထုတ်ပေးပါမည်။
  ဆရာဝန် ဆေးစစ်ထောက်ခံချက်အရ ထာဝစဉ်မသန်စွမ်းကို ရာခိုင်နှုန်းအချိုးကျ ခံစားခွင့်ပြုပါမည်။
  -  အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခြင်းမရှိပါက နှစ်စေ့ချိန်တွင်
  အာမခံထားငွေကို ပြန်လည်ထုတ်ပေးပါမည်။
  - အာမခံသက်တမ်း (၅)နှစ်မှ (၁၂)နှစ်အထိ ပေါ်လစီများအတွက် ပရီမီယံ (၂)နှစ်၊
  သက်တမ်း (၁၃)နှစ်နှင့် အထက်ပေါ်လစီများအတွက် ပရီမီယံ (၃)နှစ် ပေးပြီးပါက ချေးငွေယူနိုင်ပါသည်။
   

စည်းကမ်းချက်များ

သေရည်သေရက်သောက်ခြင်း၊ ကာလသားရောဂါကြောင့်ဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မိမိကိုယ်ကိုသတ်သေခြင်းကြောင့် အသက်မသေသော်လည်း ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ မိမိကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသော ဆေးများမှီဝဲခြင်းကြောင့်ဖြစ်ပေါ်သော မသန်စွမ်းမှုများအတွက် အာမခံထားငွေမရရှိနိုင်ပါ။

အာမခံထားရှိလိုပါက

အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။