Product Information

စုပေါင်းအသက်အာမခံ

ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် စက်ရုံများမှဝန်ထမ်းများ နှင့် အလုပ်သမားများအတွက် ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှဖြစ်စေ စုပေါင်းထားနိုင်သော အသက်အာမခံအမျိုးအစားဖြစ်ပြီး မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်ပါသည်။

အာမခံထားခွင့်ရှိသူ - အသက် (၁၈)နှစ် မှ (၆၀)နှစ် အထိရှိ ဝန်ထမ်းများ
  အနည်းဆုံးအလုပ်သမား (၅)ဦး (သို့မဟုတ်) (၅)ဦး နှင့်အထက်ရှိရပါမည်။
အာမခံထားငွေ -  အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ကျပ်(၁၀,၀၀၀)မှ အများဆုံး ကျပ်သိန်း(၅၀) အထိ
အာမခံသက်တမ်း - (၁) နှစ် 
ပရီမီယံနှုန်း -  အာမခံထားငွေ၏ (၁) ရာခိုင်နှုန်း

စုပေါင်းအသက်အာမခံအကျိုးခံစားခွင့်များမှာ

 အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရလျှင် အောက်ပါအတိုင်းလျော်ကြေးရရှိမည်ဖြစ်ပါသည်။

စဉ်

ဒဏ်ရာ ရပိုင်ခွင့်(အာမခံထားငွေပေါ်တွင်)

ထာဝစဉ်မသန်မစွမ်း၍လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း ၁၀၀%

မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း

၅၀%

လက်တစ်ဖက်လုံးဝပြတ်ခြင်း

၅၀%

ခြေတစ်ဖက်လုံးဝပြတ်ခြင်း

၅၀%

နားတစ်ဖက်လုံးဝပင်းခြင်း

၂၅%

လက်တစ်ဖက်ကျိုးခြင်း

၂၅%

ဖြေတစ်ဖက်ကျိုးခြင်း ၂၅%

ဖော်ပြပါဒဏ်ရာများမှအပ အခြားထိခိုက်ဒဏ်ရာများအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် ပေးလျော်ပါမည်။

သေဆုံးခြင်း

အလုပ်သမားတစ်ဦး အာမခံသက်တမ်းအတွင်းသေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်လွဲပြောင်းခံရသူထံ ထုတ်ပေးပါမည်။

စည်းကမ်းချက်များ

- အသက်(၄၅)နှစ် အထက် အလုပ်သမားများနှင့် အာမခံထားငွေကျပ်(၁၀)သိန်းနှင့်အထက် အလုပ်သမားများဆေးစစ်ရပါမည်။
- (၁)နှစ် အတွက် ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်းရပါမည်။
- အလုပ်သမားပြောင်းရွေ့/နုတ်ထွက်လျှင်အခြားတစ်ဦးကို အစားထိုးနိုင်ပါသည်။
- မိမိကိုယ်ကို သတ်သေခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသောဒဏ်ရာနှင့် မိမိကိုယ်တိုင်ဒဏ်ရာရအောင်လုပ်ခြင်းမှ ရရှိသောဒဏ်ရာများအတွက် လျော်ကြေး အကျူံးမဝင်ပါ။
- အလုပ်ခွင်မှအပြီးထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း ထိုနေ့မှစ၍နောက်ပိုင်းဖြစ်ပေါ်လာသောဒဏ်ရာရခြင်း/သေဆုံးခြင်းများအတွက် အကျူံးမဝင်ပါ။
 

အာမခံထားရှိလိုပါက

အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။