Product Information

ကျန်းမာရေးအာမခံ

ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း ဆေးရုံတက်ရပါက ဆေးရုံစရိတ်ကို အတိုင်းအတာတစ်ရပ်အထိ ထောက်ပံ့ပေးမည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်သူ   - အသက်(၆)နှစ် မှ (၆၅)နှစ် အတွင်းရှိသူများ (အသက် ၆နှစ်မှ ၁၈နှစ် အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားပေးနိုင်ပါသည်။)
အာမခံသက်တမ်း - (၁)နှစ် 
ပရီမီယံနှုန်း - ကျန်းမားရေးအာမခံ (၁)ယူနစ် အတွက် ပရီမီယံ ကျပ်(၅၀,၀၀၀)၊ အာမခံကုမ္ပဏီအားလုံးတွင် စုစုပေါင်း (၅)ယူနစ်အထိဝယ်ယူနိုင်ပါသည်။

အကျိုးခံစားခွင့်များမှာ

ကျန်းမာရေးအာမခံ(၁)ယူနစ်ဝယ်ယူထားသူအတွက်

(၁) အာမခံသက်တမ်းအတွင်းရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်းများကြောင့်ဆေးရုံတက်ကုသရပါက တစ်ရက်အတွက် ကျပ်(၁၅,၀၀၀)၊ တစ်နှစ်အတွက် အများဆုံးရက်ပေါင်း (၃၀) အထိခံစားခွင့်ရရှိပါမည်။
(၂) အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့်သေဆုံးခဲ့ပါက သေဆုံးမှုခံစားခွင့်ကျပ်(၁၀)သိန်းကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။
(၃) မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသရပြီးသေဆုံးခဲ့ပါက ဆေးရုံတက်ကုသခွင့်အပါအဝင် အများဆုံး ကျပ်(၁၀)သိန်းသာ ခံစားခွင့်ရှိပါသည်။
   

အောက်ဖော်ပြပါအကြောင်းအရာများအတွက် ကျန်းမာရေးအာမခံအကာအကွယ်မရရှိနိုင်ပါ။

(၁) သားဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် အလားတူကိုယ်ဝန်ကြောင့်ဆေးရုံတက်ရခြင်း။
(၂) ဆေးကုသမှုခံယူနေရပြီး ဆေးရုံတက်ရန် ဆရာဝန်၏ထောက်ခံချက်ရရှိပြီးသူ၊ ရောဂါလက္ခဏာရှိပြီးသူများ။
(၃) စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဆေးကုသရခြင်း။
(၄) ရောဂါရှာဖွေစစ်ဆေးခြင်း။
(၅) သားသမီးရလိုမှုဖြင့်ဆေးကုသခြင်းများ။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သတ်သည့်ကုသမှုများ။
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန် အပါအဝင်၊ မျက်စိစမ်းသပ်ခြင်း။
(၈) အလှအပအတွက် အာမခံထားသူ၏ ဆန္ဒအရ ခွဲစိတ်ပြုပြင်ခြင်းများ။
(၉) နားကြားကိရိယာတပ်ဆင်ခြင်း။
(၁၀) မွေးရာပါပုံမှန်မဟုတ်သောရောဂါ (သို့မဟုတ်) ပုံမှန်ပျက်ယွင်းခြင်းအတွက် ခွဲစိတ်ကုသခြင်း။
(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရ၍ ဆေးကုသရခြင်း၊ သေဆုံးခြင်း။
(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရ၍ ဆေးကုသရခြင်း၊ သေဆုံးခြင်း။
(၁၃) AIDS/HIV ကြောင့် ဆေးကုသမှုခံယူခြင်း၊ သေဆုံးခြင်း။
(၁၄) ပြည်ပနိုင်ငံများတွင် ဆေးကုသမှုခံယူခြင်း၊ သေဆုံးခြင်း။
(၁၅) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ရပ်များကြောင့် ဆေးကုသရခြင်း၊ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း။
(၁၆) ဆေးရုံတက်ရက် (၃) ရက်သာရှိသော ဆေးကုသမှုများ။
(၁၇) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
   

အာမခံထားရှိလိုပါက

အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။