Product Information

အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

အားကစားသမားများ လေ့ကျင့်နေစဉ်နှင့် ပြိုင်ပွဲဝင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ ပေးမည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်သည့်သူများ    - အသက်(၁၀)နှစ် မှ (၆၀)နှစ်အတွင်းရှိသော အားကစားသမားများ
အာမခံသက်တမ်း - (၁) နှစ်
အာမခံထားငွေ - (၁)ယူနစ်လျှင် အာမခံထားငွေကျပ်(၁၀)သိန်း (အများဆုံး(၅)ယူနစ်အထိဝယ်ယူနိုင်ပါသည်။)
ပရီမီယံနှုန်း - (၁) ယူနစ်လျှင် ပရီမီယံ ကျပ် (၅၀၀၀)

            အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝယ်ယူထားသော အားကစားသမားများ ပြည်ပတိုင်းပြည်သို့သွားရောက်ယှဉ်ပြိုင်ရပါက ရက်တို (၇)ရက် ခရီးစဉ် အတွက်ကျပ်(၅၀၀)၊ (၁)လ ခရီးစဉ်အတွက်ကျပ် (၁၀၀၀) ထပ်မံပေးဆောင်ရပါမည်။

အကျိုးခံစားခွင့်များမှာ

ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ အတွက် (၁)ယူနစ်လျှင် အောက်ပါအတိုင်းပေးလျော်ပါမည်။

  Kyats
(၁) သေဆုံးခြင်း ကျပ် (၁၀) သိန်း
(၂) ထာဝစဉ်မသန်စွမ်းခြင်း ကျပ် (၁၀) သိန်း
(၃) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း ကျပ် (၅) သိန်း
(၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း ကျပ် (၅) သိန်း
(၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း ကျပ် (၅) သိန်း
(၆) လက်တစ်ဖက်လုံးဝကျိုးခြင်း ကျပ် (၂) သိန်း
(၇) ခြေတစ်ဖက်လုံးဝကျိုးခြင်း ကျပ် (၂) သိန်း
(၈) နားတစ်ဖက်လုံးဝပင်းခြင်း ကျပ် (၂) သိန်း
(၉) ဆေးရုံတက်ရခြင်း (တစ်ပတ်) ကျပ် (၁) သောင်း (၅၂) ပတ်အထိသာ
သက်တမ်းအတွင်း လျော်ကြေးတစ်ကြိမ်တောင်းခံပြီးပါက အာမခံအသစ်ထပ်မံထားရှိရပါမည်။

စည်းကမ်းချက်များ

            မိမိကိုယ်ကို ထိခိုက်အောင် တမင်ပြုလုပ်ခြင်း၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားခြင်းကြောင့် ရရှိသော ထိခိုက်မှုများနှင့် လက်ဝှေ့၊ ဂျူဒို၊ ကာရာတေး၊ သိုင်းစသော အားကစားသမားများ သာမန်ဖူးယောင်ပွန်းပဲ့ခြင်းအတွက် အကာအကွယ် မရရှိနိုင်ပါ။

အာမခံထားရှိလိုပါက

အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။